မိုး
ညိုညိုညို့၍
ဟို့မှာမှိုင်းရီ မကြာမီမှာ
ရာသီနှောင်းနွေ နေခဲ့နှုတ်ဆက်
မိုးတစ်စက်ဖြင့် ညှိုးသက်အပူဖြေပြေနိုး - -။
ခြိမ်းလျှပ်ထစ်လျက် လျှပ်ရောင်ပြက်လည်း
တစ်စက်မရွာ မျက်နှာအပြောင်း
ဟန်ဆောင်ကောင်းသူ
ညိုမောင်းဆိုင်းဆို့  မှိုင်းဝေညို့ လျက်
ဟို့ မှာမှောင်ရီ ရွာတော့မည်လား
ယုံမှတ်မှားအောင်
ပြိုမယောင်နှင့် ဟိုတောင်ကမိုး - -
မာယာမိုးလေ - -
အငြိုးသို၍ လှည့်စား၏။ ။
ညိုညိုညို့၍
ဟို့မှာမှိုင်းရီ မကြာမီမှာ
ရာသီနှောင်းနွေ နေခဲ့နှုတ်ဆက်
မိုးတစ်စက်ဖြင့် ညှိုးသက်အပူဖြေပြေနိုး - -။
ခြိမ်းလျှပ်ထစ်လျက် လျှပ်ရောင်ပြက်လည်း
တစ်စက်မရွာ မျက်နှာအပြောင်း
ဟန်ဆောင်ကောင်းသူ
ညိုမောင်းဆိုင်းဆို့  မှိုင်းဝေညို့ လျက်
ဟို့ မှာမှောင်ရီ ရွာတော့မည်လား
ယုံမှတ်မှားအောင်
ပြိုမယောင်နှင့် ဟိုတောင်ကမိုး - -
မာယာမိုးလေ - -
အငြိုးသို၍ လှည့်စား၏။ ။
0 Comments:
Post a Comment