HPV Vaccine

အာရှအမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဟာ သေဆုံးမှုနှုန်း ဒုတိယအများဆုံး ကင်ဆာဖြစ်ပါတယ်…
ဒီအချက်ကို သတိပြုမိမှု တော်တော်နည်းနေသေးတာဟာ အမှန်တကယ် တုန်လှုပ်စရာ ကောင်းလှပါတယ်
အမျိုးသမီးများရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက် ရန်ရှာ ရုံတင်မကဘဲ၊ မသေဘဲ ဝေဒနာ ခံစားနေရသူများမှာလည်း ကိုယ်ရောစိတ်ပါ ထိခိုက်ခံစားရပါတယ်။
ဝေဒနာခံစားနေရသူတွေရဲ့ မိသားစု၊ လုပ်ငန်းခွင် လူနေမှုဘ၀၀န်းကျင် ကိုပါ အကြီးအကျယ် ပြောင်းလဲထိခိုက်နိုင်ပါတယ်။
အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး အမျိုးသမီးတိုင်း ဖြစ်ပွားနိုင်ပါတယ်။
သင်ရောဂါဝေဒနာ ခံစားရလျှင် သင်သာမက သင့်မိသားစု၊ သင့်ဝန်းကျင်၊ သင့်ကိုချစ်သော သူများအားလုံး သင့်နဲ့ ထပ်တူ ခံစားရမယ်၊ ကြေကွဲရမယ် ဖြစ်ပါတယ်။

Human Papilloma Virus(HPV) ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ရတယ်။

HPV အမျိုးပေါင်း ၁၀၀ ကျော်အနက်က အချို့သာလျှင် ကင်ဆာဖြစ်စေပါတယ်။ HPV 16 နှင် 18 တို့ကြောင့် သားအိမ်ခေါင်းကင်ဆာ ကို ၇၀ % ဖြစ်စေပါတယ်။
လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးငါးယောက်မှာ လေးယောက်ဟာ ကူးစက်ခံရနိုင်ပါတယ်။
ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ ခန်ဓာကိုယ်ဟာ virus ပိုးဝင်လာရင် ပြန်လည်တိုက်ထုတ်ဖို့ ကိုယ်ခံစွမ်းအား တည်ဆောက်လေ့ရှိပါတယ်။

ဒါပေမယ့် HPV ကိုတော့ မတိုက်ထုတ်နိုင်ပါဘူး။

အမျိုးအစားတွေကများလွန်းတော့ body က မမှတ်မိတော့ဘဲ အချို့ကို ကာကွယ်နိုင်ပေမယ့် နောက်ထပ် တစ်မျိုးဝင်လာရင် အခက်တွေ့ရပြန်တယ်။
အမျိုးသမီးတိုင်းဟာ HPV ပိုးကူးစက်ခံရဖို့ အန္တရာယ် ရှိနေတယ်
HPV ပိုးဟာ လိင်ဆက်ဆံခြင်း (သို့) လိုင်အင်ဂါအရေပြားခြင်း ထိတွေ့ခြင်းကြောင့်အဓိက ကူးစက်ရခြင်းဖြစ်ပါတယ်။
အမျိုးသမီးများဟာ ပထမအကြိမ် လိင်ဆက်ဆံခြင်းကစလို့ ဘ၀တစ်လျှောက်လုံး အကြိမ်ကြိမ် ကူစက်ခံရနိုင်ပါတယ်။
ဒါကြောင့် အမျိုးသမီးတိုင်းဟာ သားအိမ်ခေါင်းကင်ဆာအကြောင်း သိထားသင့်ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ကိုဘယ်လိုကာကွယ်ကြမလဲ

လက်ရှိအချိန်အထိ အကောင်းဆုံး ကာကွယ်နည်းကတော့ ပုံမှန် စမ်းသပ်စစ်ဆေးပြီး စောစီးစွာ ကုသမှု ခံယူရန် ဖြစ်ပါတယ်။
ပုံမှန်စစ်ဆေးခြင်းကြောင့် ရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာ လျော့ကျသွားကြောင်း တွေ့ရှိရပါတယ်။
ပုံမှန်အခြေအနေမှ မည့်သည့်ပြောင်းလဲမှုမျိုးကိုမဆို စောစီးစွာ သတိပြုမိပြီး ထိရောက်စွာ ကုသနိုင်ပါတယ်။
ဒါကြောင့် သင်၏ ဆရာဝန်နှင့် ပုံမှန်စမ်းသပ်စစ်ဆေးမှုခံယူပြီး စောစီးစွာ ကုသမှု ခံယူသင့်ပါတယ်။

HPV ကိုနိုင်သော ကာကွယ်ဆေး မြန်မာနိုင်ငံတွင် ၀ယ်နိုင်ပြီဖြစ်သည်။ ထိုကာကွယ်ဆေးကို အပျိုပေါ် မ၀င်မှီ တစ်ခါမှ လိင်မဆက်ဆံဘူးသေးသော အမျိုးသမီးများ ထိုးသင့်ပါသည်။

ကျန်းမာရေး ဇီဝက (ဆေး-၂)မှ အမျိုးသမီးများ ဗဟုသုတ ရရန်နှင့်ကြိုတင်ကာကွယ်နိုင်ရန်ပြန်လည်မျှဝေပါသည်.......

0 Comments:

Post a Comment