ပြန်မဆုံဖြစ်ကြရင်........




ဒေါင်းလော့လုပ်ရန် ပြန်မဆုံဖြစ်ကြရင် ရေး/ဆို (Vနိုထွန်း)

နှုတ်ဆက်ခြင်းမှာ ဝေးကြပြီ

ဒီည တွေဟာ ဒို့နှစ်ယောက်အတွက်
အမှတ်တရဖြစ်မယ်ဆိုရင်
နောင်နေ့တွေမှာ နောင်နှစ်တွေတိုင်
မင်းသတိရပါ ချစ်သူ..
လမ်းခွဲခြင်းက ပူလောင်လွန်းတယ်
ဒါအမုန်းမဟုတ်ဘူး မင်းအတွက် ပေးဆပ်ခြင်းပဲ
ငါ့သွားမဲ့လမ်း ကြမ်းတမ်းနေမယ် မင်းနားလည်ပါ
ချစ်တဲ့သူ
နင်ဟာငါ့ရဲ့ ကမ္ဘာ
နင်ဟာငါ့ရဲ့ အသည်း
နင်ဟာငါ့ အိမ်မက်ပါ
နင်ဟာငါ့မျှော်လင့်ချက်
ငါတို့ဝေးသွားရင်
ပြန်မဆုံဖြစ်ကြရင်
မင်းနှလုံးသားမှာ ငါအမြဲတမ်းရှိပါစေ
………………………
ဟိုတုန်းကလို တမ်းတတယ်
ခဏလေးရင်ခုန် ပျောက်ရှခဲ့အလွမ်းရဲ့အိမ်မက်
ကြေကွဲစေတယ် ငိုကြွေးစေတယ်
အဆုံးအစမဲ့စွာ ဝေးစေတယ်
လမ်းခွဲခြင်းက ပူလောင်လွန်းတယ်
ဒါအမုန်းမဟုတ်ဘူး မင်းအတွက် ပေးဆပ်ခြင်းပဲ
ငါ့သွားမဲ့လမ်း ကြမ်းတမ်းနေမယ် မင်းနားလည်ပါ
ချစ်တဲ့သူ
နင်ဟာငါ့ရဲ့ ကမ္ဘာ
နင်ဟာငါ့ရဲ့ အသည်း
နင်ဟာငါ့ အိမ်မက်ပါ
နင်ဟာငါ့မျှော်လင့်ချက်
ငါတို့ဝေးသွားရင်
ပြန်မဆုံဖြစ်ကြရင်
မင်းနှလုံးသားမှာ ငါအမြဲတမ်းရှိပါစေ...........

0 Comments:

Post a Comment