တစ်ခုခုကို အရူးအမှုးစွဲလမ်းမိပြီဆိုရင် ဘ၀သေပြီလို့ မှတ်လိုက်ပါတော့။ မှုးယစ်ဆေးဝါး တစ်ခုထဲလို့ မယူဆနဲ့။ စွဲတယ်ဆိုတဲ့ စကားလုံးကိုပဲ ယူလိုက်ပါ။
အဲဒီတော့ စွဲတယ် ဆိုကတည်းကိုက အဓိပ္ပာယ်က ဘယ်လိုဖြစ်သွားလဲဆိုတော့ သူ့မှာ လွတ်လပ်မှုမရှိ တော့ဘူး။ အရက်စွဲတဲ့လူမှာ လွတ်လပ်မှု မရှိတော့ဘူးနော်။ အရက်က သူ့ကို အချိန်ပြည့် လွှမ်းမိုးထားတယ်။ သူပိုက်ဆံရရင် သောက်မယ်။ သူ့မိသားစုကို သူမပေးဘူး။ သူ ထမင်းတောင်စား ချင်မှ စားမယ်။ အရက်ကတော့ သောက်မှာပဲ။ တခြား ဘာမှလုပ်ဖို့ သူ သိပ်မစဉ်းစားတော့ဘူး။ သူ စဉ်းစားတာ ဘာလဲဆိုတော့ အရက်သောက်မယ်။
မှုးယစ်ဆေးဝါးစွဲတဲ့လူလည်း ဒီလိုပဲ ပိုက်ဆံနည်းနည်းရရင် သူဘာလုပ်မလဲ။ မှုးယသစ်ဆေးဝါး၊ မင်ါယစ်ဆေးဝါ ဒါပဲ။ အိမ်မှာ ထမင်းငနတ်နေလည်း ကိစ္စမရှီဘူး။ မှုးယစ်ဆေးဝါး ဒါပဲ။ အိမ်မှာ ထမင်းငတ်နေလည်း ကိစ္စမရှိဘူး။ မှုးယစ်ဆေးဝါး အရေးကြီးတယ်။ ဒီမှုးယစ်ဆေးဝါးလုပ်ရင် သေမယ်ပြောလည်း သေရင်သေပစေ။ မသေခင်တော့ မှုးယစ်ဆေးဝါးပဲ လုပ်မှာပါ။
ဒီလိုမှုးယစ်တာတွေစွဲလန်းတာမျိုးမှ စွဲလန်းမှုလို့ခေါ်တာတော့ မဟုတ်ပါဖူး။ နောက်လူတိုင်း မကင်းနိုင်ကြသေးတဲ့ အချစ် ဒါလည်း အင်မတန်မှ ကြီးကျယ်လှတဲ့ စွဲလန်းမှုကြီး တစ်မျိုးပါဘဲ။ အချစ်ဟာ ဘ၀ရဲ့ တစ်စိတ်တစ်ဒေသပဲ တစ်ဘ၀လုံးမဟုတ်ဖူးဆိုပေမယ့် အချစ်ကြောင့် ဘ၀သေကုန်တာတွေ ဘ၀ပျက်ကုန်တာတွေ မရေမတွက်နိုင်အောင်များပါတယ်။ ကိုယ်က တစ်စုံတစ်ယောက်ကို ချစ်မိနေပြီ သိပ်စွဲလန်းနေပြီဆိုရင်ကို အချစ်ပေါ်မှာ ကျရူံးနေပြီဖြစ်လို့ ဘ၀တစ်ဝက်ကသေနေပါပြီ။ သူသာမရှိရင်မဖြစ်တော့ဖူး သူသာထားခဲ့ရင် ငါ့ဘ၀က ဘာမှအဓိပ္ပာယ် မရှိတော့ဖူးစသဖြင့်ပေါ့။ ဒါဟာလည်း အချစ်ရဲ့ လွမ်းမိုးမှုကို ခံလိုက်ရတဲ့ စွဲလန်းမှုတစ်မျိုးလို့ခေါ်ရပါမယ်။
စွဲလန်းမှုနဲ့သွားတဲ့သူ၊ စွဲလန်းမှု ကင်းသွားတဲ့သူဟာ ဘယ်လိုဖြစ်မလဲ။ လွတ်မြောက်သွားပြီနော်။ အဲဒီလူကမှ တကယ်အသက်ရှင်တဲ့သူ ဖြစ်သွားပြီ။ ဒါ့ကြောင့် ဒီအသက်ရှင်တယ် ဆိုတာနဲ့ လွတ်လပ်တယ် ဆိုတာနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ တွေးမိတယ်။ မလွတ်လပ်ရင် အသက်ရှင်ပေမယ့် ဘ၀သေသွားတယ် နော်။
မလွတ်လပ်ဘူးဆိုတာကိုလည်းပဲ အဓိပ္ပာယ်အမျိုးမျိုးနဲ့ ကောက်လို့ရတယ်။ တစ်ယောက်ယောက်က ကိုယ့်ဘ၀ကို လွှမ်းမိုးထားလို့ ကိုယ်က မလွတ်လပ်တာလည်းဘဲ ဖြစ်နိုင်တယ်။ ဒါတောင်မှ စိတ်က လွတ်လပ်နေရင် လွတ်လပ်နေသေးတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ မလွတ်လပ်မှုက ပိုပြီးတော့ လေးနက်တယ်နော်။
ဒါကြောင့် ပြောချင်တာက စွဲလန်းတပ်မက်မှုတွေကနေ လွတ်မြောက်သွားရင်တော့ ဘ၀က ထာဝရအေးချမ်းသွားပြီနော်။ ခုနကပြောလိုက်တဲ့ “စွဲလန်းတပ်မက်မှုတွေကနေ လွတ်မြောက် သွားရင်တော့” ဆိုတဲ့စကားမှာ သတိပြုရမှာက လူကိုအန္တရာယ်ပြုစေ ဖြစ်စေနိုင်တဲ့ စွဲလန်းတပ်မက်မှုတွေကို ပြောတာဖြစ်တယ်နော်။ လူတစ်ယောက်ဟာ သူ့ဘ၀မှာ ဘာစွဲလန်းတပ်မက်မှုမှကို မရှိတော့ရင်လည်း သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ပျောက်ကွယ်ပြီး သစ်ရွက်ခြောက်လေးတစ်ရွက်လို လေနှင်ရာလည်း လွှင့်သွားတတ်တယ်နော်။ ကိုယ်စွဲလန်း တပ်မက် တေင်းတနေတဲ့အရာဟာ ကိုယ်ပိုင်ဆိုင်ဖို့ လုံးဝမဖြစ်နိုင်မှန်းသိပြီဆိုရင်တော့ သတိထားဖို့ပြောတာပါ။ ကျွန်တော်ကျွန်မတို့ တွေမှာ ရှိနေကြတဲ့ လိုချင်တပ်မက် စွဲလန်းမှုတွေကို တဖြေးဖြေး တပ်နိုင်သမျှ လျော့ချနိုင်ဖို့တော့ လိုတယ်နော်။
0 Comments:
Post a Comment