ကျွန်မနှင့်ကြယ်စင်တာယာ Blog ..........

ကြယ်စင်တာယာBlogလေးသို့ ရောက်ရှိလာသူအပေါင်း ကိုယ်စိတ်နှလုံးရွှင် လန်းချမ်းမြေ့ပါစေ လို့ဦးစွာပထမ
နှုတ်ခွန်းဆက်သရင်းနဲ့မကြာခင် ရောက်ရှိလာတော့မည့် မြန်မာနှစ်သစ်ကူးနှင့်အတူ ပျော်ရွှင်စရာဘ၀လေး
များ
ကိုပိုင်ဆိုင်နိုင်ကြပါစေ..........

ကျွန်မကြယ်စင်တာယာBlogလေးကို(၁၇-၃-၂၀၁၀)ကစခဲ့တာပါ ဒီဘလော့လေးဖြစ်အောင်ကူညီအားပေး
တိုက်တွန်းခဲ့တဲ့ မောင်ငယ်လေးကိုလည်း ဒီနေရာမှကျေးဇူးတင်စကားပြောကြား
လိုက်ပါတယ်....

ယ္ခုမှဘလော့လေးစတင်လုပ်သည့်အတွက် ကိုယ်ပိုင်ရေးသားချက်လေးများမရှိသေးပါ သို့ပါသော်လည်း
အင်တာနက် စာမျက်နှာပေါ်မှာ တွေ့ရှိသည့် ဗဟုသုတရသ စာပေများနှင့်
ကျွန်မ၀ါသနာပါရာ ဂီတလေးများအား
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ် ......


ကြယ်ဇင်တာယာ တွင်တင်ပြထားသော ဗဟုသုတ စာပေများအား အွန်လိုင်းမှဖတ်မိသမျှကိုပြန်လည်ကူးယူတင်
ပြထားပါသဖြင့် မည်သူမဆို ပြန်လည်မျှဝေနိုင်ပါသည်။

နောက်ပိုင်းတွေမှာ မိမိကိုယ်တိုင်ရေးသားချက်လေးများကို ရေးသားပေးပါမည် ယ္ခုလေ့လာဆဲအချိန်ဖြစ်သည့်
အတွက် နားလည်ပေးကြပါရန်နှင့်ခွင့်လွှတ်ပေးကြပါရန်ပြောကြားလိုပါသည်။


ကြယ်စင်တာယာ

0 Comments:

Post a Comment