အမျိုးသမီးများမှာ အဖြစ်များတတ်တဲ့ ရင်သားကင်ဆာအကြောင်း
မိန်းကလေးတွေမှာ အဖြစ်များတတ်တဲ့ ရင်သားကင်ဆာအကြောင်းကို အလွယ်ပဲပြောသွားပါ့မယ်။ ရင်သားကင်ဆာ ဆိုတာက အမျိုးသမီးတွေတင်မကပါဘူး။
အမျိုးသားတွေမှာလဲဖြစ်တတ်ပါတယ်။ တော်တော်ကြီးတော့ ရှားပါတယ်။ မရှိသလောက်ပါပဲ။ ဒါပေမယ့် မိန်းမတွေကတော့ ယောင်္ကျားတွေထက် အဆ ၁ဝ၀လောက်ဖြစ်ဖို့ chance များပါတယ်။
ကမ္ဘာပေါ်မှာ အဆုတ်ကင်ဆာပြီးရင် ဒုတိယအဖြစ်များဆုံးရောဂါလို့ လည်း ဆိုထားပါတယ်။။ ဖြစ်စေတတ်တဲ့ အကြောင်းအရင်းတွေကတော့။ မိသားစုတွင်
ရင်သားကင်ဆာဖြစ်ခဲ့ဖူးသူရှိခြင်း(ဥပမာ.မိမိ၏ မိခင်။မွေးချင်းများ)။ အဲဒီလို ရာဇဝင်မျိုးရှိတယ်ဆိုရင်ကင်ဆာဖြစ်ဖို့  အလားအလာများပါတယ်။
ရင်သားတဖက်မှာကင်ဆာဖြစ်ဖူးရင်လည်း တခြားတဖက်မှာဖြစ်ဖို့ အခွင့်အရေးပိုများပါတယ်။ ဖြစ်တတ်တဲ့အရွယ်ကတော့ မရွေးပါဘူး။
မျိုးပွါးတဲ့အပျိုဖော်အရွယ်ကနေတောက်လျှောက်စဖြစ်တတ်ပါတယ်။ အသက်ကြီးလေ ဖြစ်ဖို့  အလားအလာ များလေပါပဲ။
ရောဂါကိုကြိုတင်သိဖို့ အတွက်ကတော့ အမျိုးသမီးများအနေနဲ့ (နားနဲ့မနာ.ဖဝါးနဲ့နာပါ) ရေချိုးတဲ့အခါတိုင်း ဖြစ်ဖြစ် မှန်ရှေ့ရောက်တဲ့အခါပဲဖြစ်ဖြစ်.မိမိတို့ ရဲ့ ရင်သားကို မကြာခဏစမ်းကြည့်စေလိုပါတယ်။ မသင်္ကာဖွယ်ရာ အဖု၊ အလုံးလေးတွေ တွေ့ မယ်ဆိုရင်တော့ ဆရာဝန်ပြပြီး လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်ရပါမယ်။
နားလည်ထားဖို့ ကတော့ အလုံးတွေ့ တိုင်းလည်း ကင်ဆာမဟုတ်ပါဘူး။ အခြား အဆီကြိတ်တွေလည်းဖြစ်နိုင်ပါတယ်။
အများအားဖြင့်တော့ရင်သားကင်ဆာမှာနာကျင်မှုသိပ်မတွေ့ ရတတ်ပါဘူး။ထပ်မံကြည့်ရှုဖို့ ကတော့ မိမိရင်သားနို့သီးခေါင်းမှအရည်များကျနေခြင်း၊ နို့သီးခေါင်းမှာအတွင်းချိုင့်ဝင်နေခြင်း၊ ရင်သားပတ်ပတ်လည်တွင်အရေပြားမှာပုံမှန်မဟုတ်ခြင်း၊ချိုင့်နေခြင်း၊ အရေပြားမှာနီရဲနေခြင်း (ရောဂါပိုးကြောင့်လည်း ဖြစ်တတ်ပါသည်) စသည့် ယေဘုယျ လက္ခဏာများကို တွေ့နိုင်ပါသည်။
အမျိုးသမီးများအနေနှင့်အရေးကြီးဆုံးအချက်မှာ ရင်သားပတ်ပတ်လည်တွင် အလုံးတွေ့ပါက ရှက်ကြောက်မနေဘဲ အမြန်ဆုံး ပြသဖို့ လိုပါတယ်။
စောစောသိလေ ကောင်းလေပါပဲ။ အချိန်နှောင်းသွားပြီဆိုရင်တော့ ရလာဒ် သိပ်မကောင်းပါဘူး။ ရင်သားကင်ဆာမှာအဆင့်တွေခွဲထားတာရှိပါတယ်။
ကင်ဆာကိုသိဖို့ အတွက်ကတော Mammography ရိုက်ခြင်း၊Ultrasound ရိုက်ခြင်း၊ (Biopsy)အသားစယူခြင်းစသည်တို့ ကို လိုအပ်ချက်ပေါ်မူတည်ပြီး
လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။
ကုသမှုအပိုင်းအနေနဲ့ကတော့ ရောဂါအဆင့်ပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်။ခွဲစိပ်ခြင်း(Surgery)၊ ဓါတ်ကင်ခြင်း (Radiotherapy)၊ ဆေးဝါးကုသခြင်း
(Chemotherapy)၊ စတာတွေကို ရောဂါ အဆင့်ပေါ်မူတည်၍ ကုသမှုခံရမှာ ဖြစ်ပါတယ်။
အကောင်းဆုံးကတော့ မဖြစ်ခင်ကြိုတင် သိအောင်လုပ်ဖို့ ပါပဲ။ ရောဂါက Genetics နဲ့လည်းပတ်သတ်နေတော့ဘာမှတော့ လုပ်လို့ မရနိုင်ပါဘူး။
ကို့ မှာဖြစ်မဖြစ်ဆိုတာကို Regular Screening လုပ်ပေးဖို့ ပါပဲ။ သွေးဆုံးပြီး အမျိုးသမီးများအနေနဲ့ကတော့ အဝမလွန်အောင် နေထိုင်ရပါမယ်။ ပုံမှန် ကိုယ်လက် လှုပ်ရှားမှုတွေကိုလည်း လုပ်ပေးရပါမယ်။
Medical Education blog မှကူးယူမျှဝေပါသည်.......

0 Comments:
Post a Comment