အမျိုးသမီးများသွေးဆုံးခြင်း

အမျိုးသမီးများ သွေးဆုံးခြင်း (Menopause) ဆိုသည်မှာ ပုံမှန်ရာသီသွေး အနည်းဆုံး (၁)နှစ်ထိ ရပ်ဆိုင်းသွားခြင်းကို ခေါ်ဆိုပါတယ်... များသောအားဖြင့် သွေးဆုံးခြင်းဟာ အသက် ၄၅ မှ ၅၅ နှစ် အတွင်း ဖြစ်ပေါ်လေ့ရှိပြီး ပျမ်းမျှအားဖြင့် ၅၁ နှစ်ဖြစ်ပါတယ်.. အချို့ အမျိုးသမီးများတွင် စော၍ဖြစ်ပေါ်တတ်ပြီး အချို့မှာ နောက်ကျတတ်ပါတယ်... အကြမ်းဖျင်းဆိုရပါက မိခင်၏ သွေးဆုံးချိန်နဲ့လည်း တူညီတတ်ပါတယ်...

သွေးဆုံးခြင်းဟာ ရောဂါတစ်ခုမဟုတ်ပဲ အမျိုးသမီးတိုင်း အချိန်တန်လျှင် ကြုံတွေ့ရမယ့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ပြောင်းလဲမှု ဖြစ်စဉ်တစ်ရပ်သာဖြစ်ပါတယ်... သွေးဆုံးလျှင် ခန္ဓာကိုယ်တွင်းရှိ မျိုးဥအိမ် (Ovaries) လုပ်ငန်းများ လုံးဝ ရပ်ဆိုင်း သွားခြင်းပဲဖြစ် ပါတယ်... အမျိုးသမီးများရှိ မျိုးဥအိမ်ဟာ သားအိမ်၏ ဘေးတစ်ဖက်တစ်ချက်စီမှာရှိပြီး အရွယ်နဲ့ ပုံသဏ္ဍာန် မှာ မက်မွန်သီးနှင့် ဆင်တူပါတယ်... မျိုးဥအိမ်မှ လစဉ် မမျိုးဥ (ova) ထုတ်လုပ်ပေးပြီး မ,ဟော်မုန်း အီစထရိုဂျင် (Estrogen) ကို ပုံမှန် ထုတ်ပေးပါတယ်... အီစထရိုဂျင် ဟော်မုန်းဟာ အမျိုးသမီးများအတွက် အရေးပါတဲ့ ဟော်မုန်း တစ်မျိုးဖြစ်ပြီး အမျိုးသမီး သဘာဝ အချိုးအစား၊ လစဉ်ရာသီသွေးဖြစ်စဉ်၊ ကိုယ်ဝန်ဆောင်ခြင်းတို့တွင် အီစထရိုဂျင် က ထိန်းချုပ် လုပ်ဆောင်ပေးပါတယ်... ဒါ့ပြင် အီစထရိုဂျင် က အရိုးကို ပါးလွှာခြင်း မရှိအောင်လည်း ကာကွယ်ပေးပါတယ်...

ရောဂါ တစ်မျိုးမျိုး ကြောင့် မျိုးဥအိမ် နှစ်ခု လုံး ဖြတ်ထုတ် လိုက်ရ ပါက လည်း ခွဲစိတ် မှုကြောင့် သွေးဆုံးခြင်း (Surgical Menopause) ဖြစ် ပေါ်စေပါတယ်.. လူအများ ထင်မှတ်မှားတဲ့ အကြောင်း တစ်ခုကတော့ ရောဂါ အခြေအနေ တစ်ခုခု ကြောင့် သားအိမ် ထုတ်ရလျှင် သွေးဆုံးပြီဟု ယူဆခြင်းပဲ ဖြစ်ပါတယ်... အမှန်မှာ သားအိမ်ချည်း သက်သက် ထုတ်ရပြီး မျိုးဥအိမ် ကျန်ရှိနေလျှင် သွေးဆုံးခြင်း ဖြစ်စဉ် မရောက်ရှိပဲ ရာသီသွေး မပေါ်တာပဲရှိပါတယ်... မျိုးဥအိမ်မှ အီစထရိုဂျင် ကို ဆက်လက် ထုတ်ပေးနေလို့ သွေးဆုံးခြင်း လက္ခဏာများ မခံစားရပါ...

သွေးဆုံး ခြင်းဖြစ်လျှင် ပေါ်ပေါက်လာမယ့် လက္ခဏာများမှာ

မျက်နှာ နဲ့ ခန္ဓာ ကိုယ် တစ်ခုလုံး ပူနွေး ရှိန်းဖိန်းမှု (Hot Flash) ဖြစ်ပေါ်ခြင်း

- ပူနွေး ရှိန်းဖိန်းမှုဟာခန္ဓာကိုယ်တစ်ခုလုံး အထူးသဖြင့် ခေါင်းနဲ့ရင်ဘတ်မှာသိသိသာသာဖြစ်ပေါ်တတ်ပြီး စက္ကန့်၃၀မှမိနစ် အတန်ကြာထိဖြစ်ပေါ်တတ်ပါတယ်.
ပြီးရင် ချွေးထွက်လာတတ်ပါတယ်... ဒီလိုပူနွေးရှိန်းဖိန်းဖြစ်မှုဟာ အမျိုးသမီးများရဲ့၄၀% ဖြစ်ပေါ်တတ်ပြီး ဖြစ်ပွားသူအားလုံးရဲ့၈၀%ဟာ၅နှစ်ကြာထိဆက်လက်
ဖြစ်ပေါ်တတ်ပါတယ်... ၁၀%ခန့် အမျိုးသမီးများကသာ၁၀နှစ်ထိဒီလိုလက္ခဏာ ရှိနေတတ်ပါတယ်... ဒီလိုဖြစ်ရတာကိုတိတိကျကျ မသိသေးပေမယ့် ခန္ဓာ ကိုယ်မှ အီစထရိုဂျင်ထုတ်လုပ်မှုကျဆင်းခြင်းကြောင့် သွေးတွင်းဟော်မုန်းနဲ့ဇီဝဓာတုအနည်း အများ မတည်ငြိမ်မှု (Hormonal and Biochemical Fluctuations) ကြောင့် ဖြစ်ကြောင်းတွေ့ရှိရပါတယ်...

ညပိုင်း ချွေးထွက်မှု များလာခြင်း (Night Sweats)

-သွေးဆုံး ပြီးသူများတွင်ညပိုင်းချွေးထွက်ခြင်းဖြစ်ပေါ်တတ်ပါတယ်.. ချွေးထွက်များတာကြောင့်အိပ်ယာမှရုတ်တရက်နိုးလာတတ်ပြီးပြန်အိပ်ပျော်ရန် ခက်ခဲတတ်ပါတယ်... နောက်နေ့ နေ့လည်ဖက်တွင်မောပန်း နွမ်းနယ်တတ်ပါတယ်...

ယောနိလမ်းကြောင်း တစ်လျှောက် ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း

သွေးဆုံးပြီးနောက်ယောနိလမ်းကြောင်းတစ်လျှောက်နံရံတစ်သျှူးများပါးလွှာခြောက်သွေ့လာပြီးလိင်ဆက်ဆံရာတွင်အဆင်မပြေ
နာကျင်မှုယောနိလမ်းကြောင်းပိုးဝင်မလွယ်ကူလာခြင်းတို့ ဖြစ်ပေါ် တတ်ပါတယ်...

ဆီးလမ်းကြောင်းတစ်လျှောက် ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း

- ဆီးလမ်းကြောင်း တစ်လျှောက်တွင်လည်းနံရံတစ်သျှူးများပါးလွှာခြောက်သွေ့လာပြီး ဆီးလမ်းကြောင်းပိုးဝင်လွယ်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းတို့ ဖြစ်ပေါ်တတ်
ပါတယ်....

စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု

အမျိုးသမီး အများစုမှာ သွေးဆုံး ပြီးနောက် စိတ်တို စိတ်ဆတ် လွယ်ခြင်း၊ စိတ်အလို မကျမှု များလာခြင်း၊ မောပန်း နုံးခွေ လာခြင်း၊ မှတ်ဥာဏ် ပိုင်းဆိုင်ရာ အားနည်း မှုဖြစ် လာခြင်း စတဲ့ စိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲ မှုများ ဖြစ်ပေါ် လာတတ် ပါတယ်.. ဒီလို ဖြစ်ရ တာဟာ ဟော်မုန်း ပြောင်းလဲ မှုကြောင့် ဆိုပြီး တိတိ ကျကျ ပြောရ ခက်ပါတယ်... သွေးဆုံး တာဟာ ဘဝ မှာ ပြောင်းလဲ မှုတစ် ခုအဖြစ် ယူဆလို့ စိုးရိမ် ပူပန်ပြီး စိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲ မှုများ ဖြစ်နိုင် ကြောင်း ပြောဆို ထားပါတယ်...

သွေးဆုံး ပြီးပါက အီစထ ရိုဂျင် လျော့ကျ မှုကြောင့် အရိုးပွ ခြင်း (Osteoporosis) လည်း တဖြည်းဖြည်း ဖြစ်ပေါ် လာပါတယ်... အရိုးပွ ခြင်းဟာ ပြင်ပ ရောဂါ လက္ခဏာ မပြသ ပဲ သာမန် ထိခိုက် မှုနဲ့ပင် အရိုး ကျိုးလွယ် နိုင်သော အခြေ အနေ ရှိပါတယ်...

သွေးဆုံး လက္ခဏာ ခံစား ရမှု များကို သက်သာ စေရန် ကုသမှု နည်းလမ်း အမျိုးမျိုး တို့ဖြင့် သုံးစွဲ ရာမှ ၎င်း တို့၏ အကျိုး အပြစ် များကို ဖော်ပြ ပေးပါမယ်... ဟော်မုန်း အစား ထိုးကု သခြင်း (Hormone Replacement Therapy) နည်းလမ်း ဟာ သွေးဆုံး လက္ခဏာ များ အလွန် ပင် သက်သာ ကောင်းမွန် တဲ့ အတွက် အရင် က ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲ ခဲ့ပါတယ်... အီစထ ရိုဂျင် တစ်မျိုး တည်း ပါတဲ့ ကုသနည်း၊ အီစထ ရိုဂျင် နဲ့ ပရို ဂျက်စ ထရုန်း (Progesterone) နှစ်မျိုး ပါတဲ့ ကုသနည်း ဆိုပြီး သုံးစွဲ ကြပါတယ်... သုံးစွဲ သူ များစွာ ကို အချိန် ယူ လေ့လာ ကြည့်တဲ့ အခါ အီစထ ရိုဂျင် တစ်မျိုး တည်း ပါတဲ့ ကုသ နည်း ကို သုံးစွဲ သူများ ဟာ မသုံး စွဲသူ များထက် လေဖြတ် ခြင်း နဲ့ သားအိမ် မထုတ် ပဲ ရှိနေ သူများ မှာ သားအိမ် ကင်ဆာ (Endometrial Carcinoma) ပိုမို ဖြစ်ပွား မှုရှိ ကြောင်း တွေ့ရှိ ရပါ တယ်... အီစထ ရိုဂျင် နဲ့ ပရို ဂျက်စ ထရုန်း နှစ်မျိုး ပါတဲ့ ကုသနည်း သုံးစွဲ သူများ မှာတော့ နှလုံး ရောဂါ၊ လေဖြတ် ရောဂါ နဲ့ ရင်သား ကင်ဆာ ဖြစ်ပွား မှုများ ကြောင်း လေ့လာ တွေ့ရှိ ရပါတယ်... ဒါ့ကြောင့် ဟော်မုန်း ကုသ မှု ခံယူ သူများ အနေ ဖြင့် မခံ ယူမီ ဆေးစစ် ဆေးမှု ကို သေချာ စွာ ပြုလုပ် ရန် လိုအပ် ပြီး ဆေး ပမာ ဏ ကိုလည်း အနည်း ဆုံး နဲ့ အချိန် အနည်း ဆုံး သုံးစွဲ သင့် ပါတယ်...

သန္ဓေ တားဆေး ကဒ် များကို လည်း သွေးမ ဆုံးမီ သွေးဆင်း မမှန် မှုနဲ့ သွေးဆုံး လက္ခ ဏာများ သက်သာ စေရန် အတွက် သုံးစွဲ ကြပါ တယ်... ဆေးကဒ် သုံးခြင်း ဖြင့် ပူနွေး ရှိန်းဖိန်း မှု သွေးဆုံး လက္ခ ဏာကို သက်သာ စေသလို သန္ဓေ ကိုလည်း တားပြီး ဖြစ်စေ ပါတယ်... အခု နောက်ပိုင်း မှာတော့ ယောနိ တွင်းသို့ အီစထ ရိုဂျင် ဆေးကွင်း၊ ဆေးပြား နဲ့ လိမ်းဆေး တို့ကို တိုက်ရိုက် ထည့်သွင်း သုတ်လိမ်း သုံးစွဲ ကြပါတယ်...

နောက် တစ်မျိုး ကတော့ ခန္ဓာ ကိုယ်တွင်း ရှိ အီစထ ရိုဂျင် နဲ့ ဓာတု ဖွဲ့စည်း ပုံ၊ အာနိ သင်ပါ တူညီ ပြီး အပင် များတွင် တွေ့ရ တဲ့ ဖိုင်တို အီစထ ရိုဂျင် (Phytoestrogens) များပင် ဖြစ်ပါတယ်... ဒါပေမယ့် အီစထ ရိုဂျင် အာနိ သင်ချင်း နှိုင်းယှဉ် ပါက လွန်စွာ နည်းပါး ပါတယ်... ဒါ့ကြောင့် ရင်သား ကင်ဆာ ခံစား ရသူ များ၊ အီစထ ရိုဂျင် သုံးစွဲ ရန် မသင့် တော်သူ များ သဘာဝ ဖိုင်တို အီစထ ရိုဂျင် ပါဝင် တဲ့ အစား အစာ များကို စားသုံး ခြင်းဖြင့် သွေးဆုံး လက္ခဏာ များကို သက်သာ စေနိုင် ပါတယ်... ဖိုင်တို အီစထ ရိုဂျင် ပါဝင် တဲ့ အစား အစာ များက တော့ ပဲပုတ်၊ ကုလားပဲ၊ ပဲနီလေး အစ ရှိသဖြင့် ဖြစ်ပါတယ်... လက္ခဏာ များကို များစွာ မသက်သာ စေသော်လည်း ဗိုက်တာ မင်အီး တစ်နေ့ ၄၀၀ ယူနစ် ထက် မပို စေပဲ သုံးစွဲ နိုင်ပါတယ်...

အခြား ဆေးဝါး များဖြစ်တဲ့ Antidepressants (SSRIs) ဆေးများ ဟာလည်း ပူနွေး ရှိန်းဖိန်း ဖြစ်ပွား မှုကို အမျိုးသမီး ၆၀ % ခန့်တွင် သက်သာမှုရှိကြောင်း တွေ့ရှိရပါတယ်... ၎င်း ဆေးများမှာ Citalopram (Celexa, Citopam), Venlafaxine (Effexor), Fluoxetine (Prozac), Paroxetine (Paxil) စသည့် ဆေးများဖြစ်ပါတယ်... Anti-seizure drug {Gabapentin (Gabantin, Neurontin)}, Anti-hypertensive drug {Clonidine (Catapres)} ဆေးများဟာလည်း ပူနွေး ရှိန်းဖိန်းမှုကို သက်သာစေဘို့ ဆရာဝန်ရဲ့ ကြီးကြပ် ညွှန်ကြားမှုနဲ့ သုံးစွဲ နိုင်ပါတယ်... ဆေးဖက်ဝင် အပင်များမှ ဖော်စပ်ထားတဲ့ Black Cohosh ဆေးကိုလည်း ဥရောပ နဲ့ အမေရိကတွင် လူကြိုက်များ သုံးစွဲလျက် ရှိပြီး ပူနွေး ရှိန်းဖိန်းမှုကို သက်သာစေပါတယ်...

သွေးဆုံးပြီးလျှင် အရိုး ပါးလွှာမှု ဖြစ်ပွားလာသဖြင့် ကယ်လ်စီယမ်၊ ဗိုက်တာမင်ဒီ ပါတဲ့ အစား အစာ များ စားသုံး ရပါမယ်.. အစာတွင် ၎င်းဓာတ်များ မလုံလောက်ပါက ကယ်လ်စီယမ်၊ ဗိုက်တာမင်ဒီ ပါတဲ့ ဆေးကို သုံးစွဲ နိုင်ပါတယ်... အရိုး ပါးလွှာမှု လျော့နည်းစေရန် အရိုးသန်မာစေရန် Alendronate (Denfos), Risedronate (Actonel), Ibandronate (Boniva), Calcitonin (Calcimar), Teriparatide (Forteo) စသည့် ဆေးများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သုံးစွဲ နိုင်ပါတယ်... ဆေးလိပ်ဖြတ်ခြင်း၊ အရက်သောက်သုံးမှု လျှော့ချ ခြင်း၊ ကိုယ်လက် လေ့ကျင့် ခန်း မှန်မှန် ပြုလုပ် ခြင်း၊ အာဟာရ ပြည့်ဝအောင် စားသုံးခြင်းစသည့် နေထိုင် စားသုံးမှုပုံစံဖြင့် နေသင့်ကြောင်း ရေးသားလိုက်ရပါတယ်...

အားလုံး ရန်သူမျိုးငါးပါး နဲ့ ဘေးဘယာ အပေါင်းမှ ကင်းဝေးနိုင်ပါစေ...။
Medical Education blog မှအမျိုးသမီးများသိရှိနိုင်ရန် ပြန်လည်မျှဝေပါသည်.........

0 Comments:

Post a Comment