သေချင်တဲ့အတွေးကို များများတွေးနေတဲ့သူ........

သေချင်တဲ့အတွေးကို များများတွေးနေတဲ့သူ........

တချို့ စိတ်ရောဂါဖြစ်တာတွေ ရှိပါတယ်။ ဘာကိုမှ စိတ်မ၀င်စားတော့ဘူး။ ဘာမှ မလုပ်ချင်တော့ဘူး။ အဲဒီလိုလူတွေ ရှိတယ်နော်။ တွေ့ဘူးသလား။ တစ်ချို့ စိတ်ဓာတ်ကျတဲ့ ရောဂါ ဖြစ်နေတဲ့သူတွေထဲမှာမှ အခြေအနေ သိပ်ဆိုးတဲ့ သူတွေကတော့ ဘာဆိုဘာတစ်ခုမှ စိတ်မ၀င်စားတော့ဘူး။ ဘာမှလည်း မလုပ်ချင်ကြတော့ဘူး။ ပြီးတော့ သူတို့ မကြာမကြာ ဘာတွေးသလဲဆိုတော့ တစ်ဆိတ်ရှိရင် သေလိုက်ချင်တယ်လို့ တွေးတယ်။ ကိုယ့်ကိုယ်ကိုကိုယ် သတ်သေဖို့ တွေးတာများတယ်။

အဲဒီတော့ သေချင်တဲ့အတွေးကို များများတွေးနေတဲ့လူက အသက်သာ မသေပေမယ့်လည်း ဘ၀သေသွားတဲ့လူပဲနော်။ တချို့စိတ်ညစ်လွန်းလို့ တစ်ခါတလေ သေချင်တယ်လို့ တွေးမိတာတော့ ရှိရင်ရှိမယ် နော်။ ဒါပေမယ့် နေ့တိုင်း သေချင်တဲ့ အတွေးကို တွေးနေမယ်ဆိုရင် အဲ့ဒီလူရဲ့ ဘ၀က သေသွားပြီ။ အသက်ရှင်လျက် သေသည်မည်သော သူထဲ သူလည်း ပါသွားပါပြီ။

ဒါကြောင့် လူဘ၀ဇာတ်ခုံပေါ်မှာ ကကြိုးအစုံနဲ့ ကနေကြရတဲ့လူသားတွေဖြစ်လို့ အမြဲပျော်မနေနိုင်သလို အမြဲလည်း စိတ်ပျက်လက်ပျက်နဲ့ စိတ်ဓာတ်ကျမနေသင့်ဖူးပေါ့နော်။ တစ်ခုခုဆို စိတ်ညစ်စရာဆိုတာကတော့ လူတိုင်းလူတိုင်းလိုလို ကြုံတွေ့နေကြရမှာပါလေ။ အနည်းနဲ့အများပဲကွာပါတယ်။ အမြဲပျော်နေတဲ့သူဆိုတာမရှိ သလောက်ကိုရှားပါတယ်။ ရှီချင်လည်းရှိမှာပေါ့လေ။ တစ်ချို့က ဆင်းရဲကြလို့ စိတ်ညစ်ကြတယ်။ ငွေကြေးဥစ္စာပြည့်စုံတဲ့ သူတွေများ မြင်လိုက်ရင် အားကျလိုက်ကျတာ ကိုယ်အပါအ၀င် အားလုံးလည်းဒီလိုပဲဖြစ်ကျမှာပါ။ ငါသာ ဒီလိုမျိုသိပ်ချမ်းသာနေမယ်ဆိုရင် အင်မတန်ပျော်စရာ ကောင်းမှာပဲလို့ ထင်ကောင်းထင်မိကြမှာပေါ့။ သိပ်ချမ်းသာတဲ့ သူတွေကျပြန်တော့လည်း ငွေကြေးဥစ္စာတွေကတော့ ပြောမပြတတ်အောင် အင်မတန်ကိုချမ်းသာနေပါမယ် စိတ်ချမ်းသာမှုကမရှိကြ ပြန်ဘူးလေ။ သူကျတော့လည်း စည်းစိမ်ဥစ္စာမပြည့်စုံပေမယ့် ရှိတာလေးနဲ့ လွတ်လပ်ပျော်မြူးနေတဲ့ မိသားစုလေးတွေမြင်ရင် အားကျပြန်ရောလေ။ လူအလိုဆိုတာကတော့ အားလုံးပြည့်စုံတယ်မရှိဖူးပေါ့နော်။

လူတိုင်းမှာတော့ သူ့အခက်အခဲနဲ့သူ မပြေလည်တာလေးတွေ ရှိမှာပဲလေ။ တစ်ခါတစ်လေ ဘယ်လိုလုပ်လုပ် ဘယ်လိုကြိုးစားကြိုးစား မပြေလည်တာတွေ ရှိတတ်ပါတယ်။ ကိုယ်တိုင်းလည်း တစ်ခါတစ်လေ လုပ်လေဆိုးလေ သေချင်လောက်အောင် စိတ်ညစ်စိတ်ပျက်ဖူးပါတယ်။ ဒါပေမယ့် လည်းလေ ဖြစ်လာတဲ့ အခက်အခဲ အရာအားလုံးကို အတတ်နိုင်ဆုံးရင်ဆိုင်ရမှာပဲမဟုတ်လား။ ဒါမှလည်း ဒီအခက်အခဲတွေကို ကျော်လွှားအောင်မြင်နိုင်မှာလေ။

ပြောချင်တာကတော့ သူငယ်ချင်းတွေ အများစုက သိပ်စိတ်ညစ်လို့ သေချင်တယ် ပြောနေကြတာကို ကြားနေရပါတယ်။ ကိုယ်တိုင်လည်း စိတ်မညစ်ဖူးတဲ့သူမဟုတ်ဖူးလေ။ လူတွေထဲက လူတစ်ယောက်ပဲဆိုတော့ စိတ်ညစ်တယ်ဆိုတာတော့ ရှိလာကြမှာပဲလေ။ အဓိကကတော့ အဲ့လိုအခက်အခဲတွေ တွေ့ကြုံလာချိန်မှာ သေချင်တယ်သေချင်တယ်ပြောနေရုံနဲ့ ဒီအခက်အခဲတွေကို ကျော်လွှားအောင်မြင်နိုင်မှာ မဟုတ်ဖူးလေ ဒါကြောင့် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အတွေးကိုသာ များများစဉ်းစားဖြေရှင်းပါ။ သေချင်တယ်ဆိုတဲ့ အတွေးကို များများမတွေးမိပါစေနဲ့။ အဲ့လိုအမြဲတွေးမိနေတဲ့သူဟာ လူသာမသေတာပါ သူ့ဘ၀ကြီးက အလိုလိုနေရင်း သေဆုံးနေပြီတဲ့လေ။

သူငယ်ချင်းတွေကို ပြောချင်တာကတော့ လူမသေသေးသမျှ အသက်ရှိနေသမျှ မျှော်လင့်ချက်တွေ မသေဖူး မျှော်လင့်ချက်တွေ ရှိနေသေးတယ်ဆိုတာပါပဲ။ ကျွန်တော် ကျွန်မတို့ရဲ့ မိဘတွေဟာ သူတို့ရဲ့အသက်ကိုရင်းပြီး နာကျင်မှုတွေအောင့်အီးသည်းခံလို့ အသက်တစ်ချောင်းကို မွေးဖွားပေးရတာခဲ့တာဖြစ်လို့ ဘယ်သူမှ လွယ်လွယ်နဲ့ ကိုယ့်အသက်ကို လက်လွှတ်စပါယ် အဆုံးရူံးမခံကြစေချင်ပါဘူး။ ဒါကြောင့်လည်း မြန်မာစကားပုံမှာရှိပါတယ်နော်။ ကိုယ့်အသက်ကို သက်သေတာဟာ အဖန်ငါးရာ၊ ငါးကမ္ဘာမှာ တန်ပြန်ခံရတတ်တယ်လို့ ဆိုထားပါတယ်။ သူငယ်ချင်းအားလုံးပဲ မိဘတွေက သူတို့အသက်နဲ့ လဲပြီးမှ လူ့လောကထဲမှာ လူရယ်လို့ဖြစ်လာအောင် မွေးထုပ်ပေးခဲ့ရတဲ့ ဒီအသက်တစ်ချောင်းကို ဘယ်တော့မှ ဘယ်လိုအကြောင်းတွေကြောင့်မှ လွယ်လွယ်ကူကူ ဖြတ်ဆီးပစ်ဖို့ဆိုတာဟာ မလုပ်သင့် မလုပ်ကြရဖူးနော်။ အားလုံးပဲ အခက်အခဲ သောကအပူအပင် ဒုက္ခဟူသမျှကို အောင်မြင်စွာ ဖြတ်သန်းကျော်လွှားရင်း ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

0 Comments:

Post a Comment