သူတစ်ပါးကိုလည်း စိတ်ချမ်းသာစေချင်တယ်ဆိုရင်..
အသက်ရှည်ချင်တယ်။ ကိုယ့်ဘ၀ကိုကိုယ် တန်ဖိုးထားတယ်။ တန်အောင် နေချင်တယ်။ တန်အောင် လုပ်ချင်တယ်။ ကိုယ့်ကိုယ်ကိုကိုယ် ချစ်တာကိုး။ ဒါကြောင့် အသင့်တော်တာကို မလုပ်ချင်ဘူး။ မသင့်တော်တဲ့ အတွေးတောင် မတွေးချင်ဘူး။ မသင့်တော်တဲ့အတွေး တွေးရင်တောင် ပင်ပန်းလွန်းလို့။ စိတ်ညစ်စရာ၊ စိတ်ဆိုးစရာ၊ စိတ်တိုစရာ၊ မတွေးချင်ဘူး။ တွေးနေရင်းကို သိနေတာ၊ ပင်ပန်းလိုက်တဲ့ အတွေးတွေ။
တစ်ခါတစ်လေ နည်းနည်းချမ်းနေတဲ့ အချိန်မှာတောင်မှ မတွေးသင့်တဲ့ စိတ်ညစ်စရာ တစ်ခုခု၊ သောက ဖြစ်စရာတစ်ခုခု တွေးလိုက်ရင် ချွေးတောင်ထွက်လာတယ်။ သောကဖြစ်စရာတွေးရင် ချမ်းနေတဲ့ ကြားထဲကကို ချွေးတောင်ပြန်လာတယ်။ အတွေးက ခန္ဓာကိုယ်ကို ဘယ်လောက်ထိအောင် လောင်ကျွမ်းသွားစေသလဲဆိုတာ ကြည့်၊ နော်။ ဒီခန္ဓာကိုယ်ရဲ့အးတွေကို ဘယ်လောက်ထိ သုံးပစ်သလဲ ဆိုတာ သိလို့၇တယ်။ အဲဒီတော့ အတွေးတွေကို သတိထားပြိး ကြည့်တယ်။ မတွေးသင့်တဲ့ အတွေးမျိုးကို ဆက်မတွေးတော့ဘူး။ အဲဒါ ကိုယ့်ကိုယ်ကိုယ် ချစ်လို့ပဲ နော်။
ကိုယ့်ကိုယ်ကိုကိုယ် အဲသလိုချစ်တော့ ကိုယ်နဲ့တွေ့ရတဲ့သူတွေလည်း စိတ်ချမ်းသာမှကောင်းမယ်လို့ တွေးမိတယ်။ စိတ်ချမ်းသာနေတဲ့သူတွေနဲ့ ဆက်ဆံရတာ ကိုယ့်အတွက်ပိုပြီး အဆင်ပြေတယ်လေ။
ဒါကြောင့် သူတစ်ပါးကို ဘယ်လိုသဘောထားချင်လဲဆိုတော့ သူတစ်ပါးကိုလည်း အဲဒီလို စိတ်ချမ်းချမ်းသာသာ နေစေချင်တယ်။ ကျန်းမာရေး ထိခိုက်မည့်ကိစ္စ မလုပ်ပါနဲ့။ ဂုဏ်သိက္ခာ ထိခိုက်မည့်ကိစ္စ မလုပ်ပါနဲ့။ ဒါမှ မတွေးသင့်တာကို တွေးရင်း စိတ်ဆင်းရဲလာတယ်။ ပင်ပန်းပါတယ်။ ဘာမှ အကျိုးမရှိပါဘူ။ ကောင်းတဲ့ အတွေးတွေကိုသာ တွေးပါ။ စိတ်ကို အားတက်စေမည့် အတွေးမျိုး၊ အကောင်းမြင် အတွေးမျိုးကို များများတွေးကြပါနော်။
နှစ်သစ်မှာ ကိုယ်စိတ်နှလုံးရွှင်လန်းအေးမြကြပါစေ.......
0 Comments:
Post a Comment